It's non-profit, non-governmental organization and educational purpose only. This page is created by Dr. Nay Aung, BDS (Mdy), University of Dental Medicine, Mandalay, Myanmar.
Friday, April 17, 2015
How to apply MEXT scholarship in Myanmar
***မေး။ ။ Myanmar Association of Japan Alumni (MAJA) ကနေ လျှောက်လို့ရတဲ့ scholarship အကြောင်းလေး သိပါရစေ။
*** ဖြေ။ ။ MAJA ကနေ April-May မှာ လျှောက်လွှာလျှောက်တာ လက်ခံပါတယ်။ ဖြေတာကတော့ မေလမှာ ဖြေရလေ့ရှိပါတယ်။ စစ်တဲ့ စာမေးပွဲတွေ အောင်မြင်ရင်တော့ ဂျပန်နိုင်ငံမှာ Research student အနေနဲ့ သွားရောက်ကျောင်းတက်ဖို့ စကောလားရှစ်ရရှိမှာ ဖြစ်ပါတယ်။ Research student ကနေ Master degree (or) Ph.D degree နဲ့ ပတ်သက်တာ ဆက်လက်တက်ရောက်ဖို့ကတော့ မိမိတို့ တက်ရောက်တဲ့တက္ကသိုလ်က စစ်ဆေးတဲ့စာမေးပွဲကို ၀င်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။ ဂျပန်အစိုးရကတော့ ကျောင်းပီးတဲ့အထိ scholarship ပေးပါတယ်။
***မေး။ ။ MAJA မှာ ဖြေဆိုရပုံလေး သိပါရစေ။
***ဖြေ။ ။ Research student candidate တွေကတော့ အင်္ဂလိပ်စာကို ရေးဖြေ (၂) နာရီ မေးခွန်းဖြေရပါမယ်။ မေးခွန်းနဲ့ ပေးထားတဲ့အချိန် လောက်အောင်ဖြေဆိုတတ်ဖို့ လိုမယ်ထင်ပါတယ်။ ရေးဖြေ အောင်မြင်သွားတဲ့ကျောင်းသားတွေကတော့ အင်တာဗျူးကို ဆက်လက်ဖြေဆိုရပါမယ်။ အင်တာဗျူးမှာ မြန်မာပြည်နဲ့ပတ်သက်တာတွေ၊ မိမိလုပ်မယ့်သုတေသနနဲ့ ပတ်သက်တာတွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဖြေဆိုရပါမယ်။
***မေး။ ။ MAJA က စစ်တဲ့ စာမေးပွဲတွေ အောင်မြင်သွားရင် ဘာဆက်လုပ်ဖို့ လိုပါသလဲ။
***ဖြေ။ ။ MAJA က ရေးဖြေနဲ့ အင်တာဗျူးအောင်မြင်သွားပီဆိုရင်တော့ ဂျပန်သံရုံးမှာ စာမေးပွဲဆက်လက်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ပထမရေးဖြေ တစ်နာရီမေးခွန်းဖြေဆိုရမှာ ဖြစ်ပါတယ်။ ဒီစာမေးပွဲမှာလည်း အချိန်နဲ့မေးခွန်းက ကွက်တိဖြစ်တာမို့ သိပ်စဉ်းစားချိန်တော့ ရမှာမဟုတ်လို့ သတိထားစေချင်ပါတယ်။ ရေးဖြေအောင်မြင်သွားပီဆိုရင်တော့ အင်တာဗျူးဖြေဆိုခွင့်ရရှိမှာ ဖြစ်ပါတယ်။ အင်တာဗျူးကိုတော့ အင်္ဂလိပ်လို ဖြေဆိုရမှာ ဖြစ်ပါတယ်။ ရေးဖြေနဲ့ အင်တာဗျူးအောင်မြင်သွားပီဆိုရင်တော့ ပထမအဆင့်အောင်မြင်ပီလို့ ပြောရမှာ ဖြစ်ပါတယ်။
***မေး။ ။ ပထမအဆင့်ဆိုတော့ ဒုတိယအဆင့်က ဘာတွေလုပ်ဖို့ လိုအပ်သေးလဲခင်ဗျာ။
***ဖြေ။ ။ ဒုတိယအဆင့်အနေနဲ့ကတော့ မိမိကို လက်ခံမယ့် ဂျပန်ကပါမောက္ခနဲ့ တက္ကသိုလ်ကို ရှာဖွေလျှောက်ရမှာဖြစ်ပါတယ်။ အဲ့လိုလျှောက်တဲ့အခါမှာ မြန်မာပြည်က ပါမောက္ခတစ်ဦးဦးရဲ့ recommendation letter လိုအပ်တာ တွေ့ရပါတယ်။ မိမိရဲ့ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း၊ သုတေသနအဆိုပြုလွှာတို့ကိုလည်း ပူးတွဲပေးပို့ရပါတယ်။ ကံမကောင်းလို့ မိမိကို လက်ခံမယ့်ပါမောက္ခမရှိရင် စကောလားရှစ်မရတာ ဖြစ်တတ်ပါတယ်။
***မေး။ ။ ပါမောက္ခနဲ့ ကျောင်းက လက်ခံပီဆိုရင် ဘာဆက်လုပ်ဖို့လိုအပ်သေးလဲ ခင်ဗျာ။
***ဖြေ။ ။ အဲ့ဒါဆိုရင်တော့ ဂျပန်က MEXT ၀န်ကြီးဌာနက မိမိကို ဂျပန်မှာ ကျောင်းတက်ဖို့ ရွေးချယ်လိုက်ပီဆိုတဲ့ အကြောင်းကြားစာ ရဖို့ လိုအပ်ပါတယ်။ ဒီအဆင့်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဂျပန်အစိုးရက မရွေးဘဲ ပယ်လိုက်တဲ့ ကျောင်းသားတွေ ရှိတတ်ပါတယ်။ အောင်မြင်တဲ့ ကျောင်းသားစာရင်းကိုတော့ ဂျပန်က ၀န်ကြီးဌာနက မြန်မာနိုင်ငံရှိ ဂျပန်သံရုံးကို အကြောင်းကြားစာ ပေးပို့ပေးပါတယ်။ အဲ့ဒါဆိုရင်တော့ ဂျပန်ကို သွားဖို့ passport လျှောက်တာတို့၊ ဗီဇာလျှောက်တာတို့ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။
***မေး။ ။ လေယာဉ်လက်မှတ်ကရောခင်ဗျာ။
***ဖြေ။ ။ လေယာဉ်လက်မှတ်ကို ဂျပန်သံရုံးက တာဝန်ရှိသူက စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ကျောင်းသားက အကုန်အကျခံစရာမလိုပါဘူး။
***မေး။ ။ ဘာတွေ ဆက်လုပ်ဖို့ လိုသေးသလဲ ခင်ဗျ ။
***ဖြေ။ ။ မိမိလာမယ့် ရက်စွဲကို ဂျပန်ရှိပါမောက္ခကို အကြောင်းကြားဖို့ လိုပါတယ်။ အဲ့လိုအကြောင်းကြားရင် ပါမောက္ခက လာကြိုမယ့်သူ လွှတ်ပေးလေ့ရှိပါတယ်။ မိမိကို လာကြိုဖို့ အကူအညီတောင်းနိုင်ပါတယ်။ နောက်တစ်ခုက ဂျပန်မလာခင်မှာ မိမိနေမယ့် အဆောင်လျှောက်ဖို့ကိုလည်း ဖြည့်ရမယ့် form တွေကို ကျောင်းကနေ ပို့ပေးပါတယ်။
***မေး။ ။ MAJA တဆင့် ကျောင်းသားဘယ်နှစ်လောက်လောက် စကောလားရှစ်ရလေ့ရှိသလဲခင်ဗျာ။
***ဖြေ။ ။ MAJA က စစ်တဲ့ စာမေးပွဲ(ရေးဖြေ၊အင်တာဗျူး)ကို အမှတ်အများဆုံးနဲ့ အောင်တဲ့ကျောင်းသား(၁၀)ယောက်ကို သံရုံးမှာ ဆက်လက်ဖြေဆိုဖို့ လွှတ်ပေးတာ တွေ့ရပါတယ်။ သံရုံးကလည်း သံရုံးမှာ စစ်ဆေးတဲ့ ရေးဖြေ၊အင်တာဗျူးအောင်တဲ့ ကျောင်းသားစာရင်းကို ဂျပန်က ၀န်ကြီးဌာနကို ပေးပို့ပီး ထပ်ဆင့်ရွေးချယ်စေပါတယ်။ ဂျပန်က ၀န်ကြီးဌာနက ပေးပို့လာတဲ့ ကျောင်းသားတွေရဲ့ အချက်အလက်ကို စစ်ဆေးပြီး သဘောမကျရင်တော့ ပယ်လေ့ရှိပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ စာရင်းအရ တစ်နှစ်လျှင် ကျောင်းသား (၆)ဦး၊ (၇)ဦးလောက် MAJA ကတဆင့် စကော်လားရှစ်ရရှိတာ တွေ့ရပါတယ်။ သွားနှင့်ခံတွင်းဆရာဝန်တွေထဲကတော့
၂၀၁၃ မှာ Dr. Mya Nandar, BDS(Mdy)၊ ၂၀၁၄ ခုနှစ်မှာ Dr. Aung Bhone Myat, BDS(Mdy) နဲ့ Dr. Nay Aung, BDS(Mdy)၊ ၂၀၁၅ ခုနှစ်မှာ Dr. Wai Myo Maung, BDS(Ygn) နဲ့ Dr. Yu Mon Myint, BDS(Ygn) တို့ စကောလားရှစ်ရရှိခဲ့တာ တွေ့ရပါတယ်။
***မေး။ ။ဒီစကောလားရှစ်က နေစရိတ်၊ သွားစရိတ်၊ စားစရိတ်လောက်ပါသလားခင်ဗျာ။
***ဖြေ။ ။ အစိုးရပညာတော်သင်ဖြစ်တဲ့အတွက် တက္ကသိုလ်နဲ့ပတ်သက်တဲ့ ကျောင်းလခ၊ ကျောင်းဝင်ကြေးတွေလည်း ပေးစရာမလိုပါဘူး။ အစိုးရက ပေးအပ်တဲ့လစဉ်ငွေနဲ့ နေထိုင်၊စားသောက်စရိတ် လောက်ပါတယ်။
***မေး။ ။ ကျန်တဲ့ လိုအပ်တဲ့ အချက်လေးတွေ သိပါရစေ။
***ဖြေ။ ။ ဒီ link လေးတွေမှာ လေ့လာကြည့်ပါခင်ဗျာ။
Link(1)
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/posts/321156834704733
Link(2)
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/posts/327950414025375:0
Link(3)
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/posts/317315511755532
Link(4)
http://www.mext.go.jp/english/
Link(5)
http://www.mm.emb-japan.go.jp/…/english/J-Gov%20Scholar%202…
***မေးသူ။ ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
- - - - - - - - - - - - - -
Sharing experience
MAJA မှ တဆင့် MEXT Scholarship အတွေ့အကြုံ
---------------------------------
၂၀၁၅ ခုနှစ်၊ April သို့ ရောက်ခဲ့ပါပြီ။ MEXT Scholarship ဖြေဆိုရန် MAJA Center မှ လျှောက်လွှာများ ခေါ်ယူပါတော့မည်။ ၂၀၁၃ ခုနှစ်၊ April မှာ ကျွန်တော့်သူငယ်ချင်း ဒေါက်တာအေးမင်းထိုက်နဲ့ ညီလေး ဒေါက်တာခိုင်မြတ်သူတို့ ကျေးဇူးဖြင့် MEXT Scholarship စာမေးပွဲရှိကြောင်း စာမေးပွဲမဖြေမီ (၅) ရက်ခန့်အလိုတွင် သိခွင့်ရခဲ့ပါသည်။ အကြောင်းတိုက်ဆိုင်ချင်တော့ ကျွန်တော် ပတ်(စ်)ပို့သွားထုတ်ရမည့်နေရာနှင့် မာဂျာစင်တာမှာ နီးနီးကလေးဖြစ်နေပါသည်။ ပတ်(စ်)ပို့သွားထုတ်ရင်း မာဂျာစင်တာအနီးရှိ ဓါတ်ပုံဆိုင်တွင် ဓါတ်ပုံရိုက်၊ CV form ရိုက်ပီး စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်ခဲ့ပါသည်။ (၁)ပတ်ခန့်အကြာတွင် မာဂျာစင်တာမှ စာမေးပွဲဖြေရမည့် ရက်စွဲ၊ အချိန်နှင့် နေရာကို ဖုန်းဆက်အကြောင်းကြားပေးပါသည်။ ရေးဖြေစာမေးပွဲမှာ အင်္ဂလိပ်စာ (၂)နာရီ မေးခွန်း ဖြစ်ပါသည်။ ကျွန်တော် မှတ်မိသလောက် ပြောရလျှင် Reading Comprehension, Essay, Synonyms, Word form, Verb form, Closed type အစရှိသော မေးခွန်းများကို ဖြေရပါသည်။ မေးခွန်းနှင့်အချိန်မှာ ကွက်တိဖြစ်သဖြင့် စဉ်းစားချိန်တော့ များများရမည် မဟုတ်ပါ။ TOEFL နှင့် IELTS စာအုပ်လေးများ ဖတ်ထားပါက ပိုအဆင်ပြေမည် ထင်ပါသည်။ ကျွန်တော်ကတော့ မန္တလေးတွင် တက္ကသိုလ်တက်စဉ်က British Council နှင့် American Center မှ အင်္ဂလိပ်စာအုပ်မျိုးစုံကို အလျဉ်းသင့်သလို ဖတ်ခဲ့ပါသည်။ ဘွဲ့ရအပြီး ဆေးခန်း (၃)နှစ်ထိုင်စဉ်အတွင်းမှာလည်း ၀ါသနာအလျှောက် အင်္ဂလိပ်စာအုပ်မျိုးစုံ ဖတ်ဖြစ်ခဲ့ပါသည်။ ထို့အတွက် သူငယ်ချင်းများက Scholarship စာမေးပွဲအတွက် ဘာစာအုပ်ဖတ်ရမလဲဟု မေးတိုင်း ကျွန်တော် အခက်ကြုံရပါသည်။ စာမေးပွဲအတွက် သီးသန့်ပြင်ဆင်ခဲ့တာမျိုး မရှိခဲ့ပါ။ ရေးဖြေစာမေးပွဲ ဖြေဆိုခဲ့သော်လည်း မေးခွန်းလွှာအနေအထားအရလည်းကောင်း၊ အမှတ်အများဆုံးရ ဖြေဆိုသူများကို ရွေးချယ်ခေါ်ယူမှာ ဖြစ်တာကတစ်ကြောင်း scholarship ရမယ်လို့ မမျှော်လင့်ရဲခဲ့ပါ။ အက်ဆေး(၃)ပုဒ်မေးသည့်အနက် ကျွန်တော် ရွေးချယ်ဖြေဆိုခဲ့သည် Essay မှာ Why I want to do research in Japan ဖြစ်ပါသည်။ ပထမအချက်၊ ဒုတိယအချက်၊ တတိယအချက် စသဖြင့် ဘာ့ကြောင့် research လုပ်ချင်ကြောင်း ဖြေဆိုခဲ့ပါသည်။ မေးခွန်းစာရွက်ရရချင်း မေးခွန်းအပုဒ်ရေနှင့် ဖြေရမည့်အချိန်ကို ကြည့်သောအခါ အချိန်ကိုက် ကွက်တိဖြေဆိုရမည်ဖြစ်ကြောင်း ကျွန်တော်သဘောပေါက်လိုက်ပါသည်။ ကျွန်တော်သေချာသိသည့်အပိုင်းများကို စတင်ဖြေဆိုခဲ့ပါသည်။ အနည်းငယ်စဉ်းစားရသည့်အပိုင်းများကို အပီးသတ်ဖြေဆိုပီး အပုဒ်စေ့ဖြေခဲ့ပါသည်။ ရေးဖြေစာမေးပွဲဖြေဆိုအပြီး တစ်ပတ်ခန့်အကြာတွင် အင်တာဗျူးလာရောက်ဖြေဆိုရမည်ဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားပေးပါသည်။ အင်တာဗျူးတွင် Personal profile၊ မြန်မာပြည်အကြောင်း၊ မိမိလုပ်ချင်သည့် Research နှင့်ပတ်သက်သည့်အကြောင်းအရာများကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ဖြေဆိုရပါသည်။ မာဂျာစင်တာမှ ရေးဖြေစာမေးပွဲနှင့် အင်တာဗျူးအောင်မြင်သူများကို ဂျပန်သံရုံးသို့ နောက်တစ်ဆင့် သွားရောက်ဖြေဆိုစေပါသည်။ ဂျပန်သံရုံးတွင်လည်း အင်္ဂလိပ်စာ စာမေးပွဲကို အဓိက ဖြေဆိုရပါသည်။ Multiple choice question တစ်နာရီ ဖြေဆိုရပါသည်။ ဂျပန်သံရုံးတွင် ရေးဖြေအောင်မြင်သူများအနေဖြင့် အင်တာဗျူးကို ဂျပန်သံရုံးတွင် ဆက်လက်ဖြေဆိုရပါသည်။ အင်တာဗျူးကို အင်္ဂလိပ်လို ဖြေဆိုရပါသည်။ သံရုံးတွင် ဖြေဆိုရမည့်စာမေးပွဲအတွက် မေးခွန်းဟောင်းများကို Study in Japan ၀က်ဆိုက်တွင် တင်ထားကြောင်း အမ ဒေါက်တာမြနန္ဒာ(MEXT scholar, TMDU) က ပြောပြပေးခဲ့သလို မေးခွန်းဟောင်းများကို email မှတစ်ဆင့်ပေးပို့ခဲ့သဖြင့် အထူးကျေးဇူးတင်ရပါသည်။ အထက်ပါအတိုင်း စာမေးပွဲများ၊ အင်တာဗျူးများ ဖြေဆိုအောင်မြင်ပြီးနောက် ဂျပန်သံရုံးမှ ပေးသော Application form များကို ဖြည့်ရပါသည်။ ကျွန်တော့်အနေဖြင့် လိုအပ်သော Recommendation letter ကို ဆရာကြီး ပါမောက္ခချုပ်ဦးသိန်းကြူထံမှလည်းကောင်း၊ Research proposal ကို တွဲဘက်ပါမောက္ခ ဒေါက်တာကျော်သီဟထံမှလည်းကောင်း ရရှိခဲ့ပါသည်။ တခြားလိုအပ်သော အမှတ်စာရင်းနှင့် ဘွဲ့လက်မှတ်အင်္ဂလိပ်ဘာသာပြန်များကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးမှ ညီငယ် ဒေါက်တာဇင်ထွန်းဦး အကူအညီဖြင့် တောင်းယူခဲ့ရပါသည်။ ထို့အပြင် Application form များ ဖြည့်ရာတွင် နားမလည်သည့်အချက်များကို ဒေါက်တာမြတ်ဥာဏ်(Ph.D)မှ ကူညီပေးခဲ့ပါသည်။ အရေးအကြီးဆုံး အချက်တစ်ခုဖြစ်သည့် Letter of Acceptance ကို Tokyo Medical and Dental University, Periodontology Dept. မှ Prof. ဆီမှ တောင်းယူခဲ့ပါသည်။ အရေးအကြီးဆုံးအချက်လို့ ပြောရသည်မှာ prof တစ်ဦးဦးထံမှ Acceptance Letter မရလျှင် Scholarship မရတတ်သောကြောင့် ဖြစ်ပါသည်။ ထိုကဲ့သော အဆင့်ဆင့်လုပ်ဆောင်ရင်း၊ သံရုံးမှ လိုအပ်သော အချက်အလက်များကို ပေးပို့ရင်း (၁၀)လခန့်အကြာတွင် Scholarship ရရှိကြောင်း ဂျပန်နိုင်ငံ Ministry of Education, Culture, Sports, Science, and Technology of Japan (MEXT) မှ အကြောင်းကြားပါသည်။ Scholarship Exam ဖြေဆိုလိုသည့် သူငယ်ချင်းများ၊ အစ်ကိုအမများ၊ ညီငယ်ညီမငယ်များအတွက် ရည်ရွယ်ရေးသားပါသည်။ ကျေးဇူးတင်ပါသည်။
- - - - - - - - -
Myanmar Association of Japan Alumni (MAJA) မှ တဆင့် ရရှိနိုင်သော MEXT Scholarship အကြောင်း
--------------------------------------
MEXT Scholarship အကြောင်း ကျွန်တော်သိသလောက် ပြောပြလိုပါသည်။ ဂျပန်နိုင်ငံ Ministry of Education, Culture, Sports, Science, and Technology of Japan (MEXT) ၀န်ကြီးဌာနမှ ပေးသော Scholarship ဖြစ်သောကြောင့် MEXT Scholarship ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ Scholarship ကို ယခင်က အစိုးရ၀န်ထမ်းများကိုသာ G to G ပေးခဲ့ပီး ၀န်ထမ်းမဟုတ်သူများ ၀င်ရောက်ဖြေဆိုခွင့်မရခဲ့ပါ။ ယခုအချိန်မှာတော့ MAJA (Myanmar Association of Japan Alumni) အဖွဲ့အစည်း၏ကျေးဇူးဖြင့် ၀န်ထမ်းမဟုတ်သူများ ဖြေဆိုခွင့် ရနေပါပြီ။ ဆရာဝန်၊ အင်ဂျင်နီယာသူငယ်ချင်းများအနေဖြင့် Research student Section တွင် ၀င်ရောက်ဖြေဆိုနိုင်ပါသည်။ Research students Section တွင် ဖြေဆိုသူများမှာ အင်္ဂလိပ်စာကို အဓိကထား ဖြေဆိုရပါမည်။ ဘွဲ့ရပြီး ကျောင်းတက်နှစ် (၁၆) နှစ်အနည်းဆုံးရှိရပါမည်။ Undergraduate students, College of technology students နှင့် Special Training College Students Section များတွင် ဖြေဆိုလိုသော ကျောင်းသားများအနေဖြင့် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ကျွမ်းကျင်ဘာသာရပ်များ ဖြေဆိုရမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို MAJA center တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အင်္ဂလိပ်စာ စာမေးပွဲဖြေဆိုရန် ဖတ်ရှုသင့်သည့် စာအုပ်များမှာ TOEFL နှင့် IELTS စာအုပ်များဖြစ်ပါသည်။ Essay ဖြေဆိုရမည်ဖြစ်သောကြောင့် Essay အရေးကျင့်နိုင်လျှင် ပိုကောင်းမည်ထင်ပါသည်။ အများအားဖြင့် Essay မှာ စကားလုံးကန့်သတ်ချက်ရှိပါသည်။ စကားလုံး ၂၅၀ ခန့်ဖြေဆိုပါဆိုလျှင် ထိုစကားလုံး ၂၅၀ ဖြင့် ထိထိမိမိ ရေးဖို့လိုပါသည်။ Synonyms များ ဖြေရသော အပိုင်း ပါရှိသောကြောင့် ဝေါဟာများကြွယ်ဝအောင် အားထုတ်သင့်ပါသည်။ စကားလုံးတစ်လုံး၏ word forms, verb forms များ သေသေချာချာ သိထားသင့်သလို usage ကိုလည်း သိထားသင့်ပါသည်။ Reading Comprehension မေးခွန်းပါရှိသောကြောင့် ပေးထားသောစာပိုဒ်ကို ဖတ်ပြီး အဓိပါယ်နားလည်ဖို့လိုသလို မေးခွန်းဆိုလိုရင်းကို ဖြေတတ်ဖို့ လိုပါသည်။ တစ်ခါတရံ Reading Comprehension တွင်ပါသော စကားပြောခန်းကို စကားလုံးအကန့်အသတ်ဖြင့် အနှစ်ချုပ်ရေးခိုင်းတတ်ပါသည်။ စာမေးပွဲဖြေဖို့အတွက် စာရဖို့လိုသလို အချိန်ကိုက် ကွက်တိ ဖြေတတ်ဖို့လည်း လိုမည်ထင်ပါသည်။ အမှတ်နည်းနည်းရမည့်အပိုင်းကို အကြာကြီးစဉ်းစားပြီး အချိန်ဖြုန်းခြင်းမျိုး ရှောင်စေချင်ပါသည်။ သို့သော် ဖြစ်နိုင်ပါက အပုဒ်စေ့ဖြေစေချင်ပါသည်။ Scholarship စာမေးပွဲဆိုသည့်အတိုင်း အောင်ရုံအမှတ်တင်မကဘဲ အမှတ်အများဆုံးဖြစ်နေမှ စိတ်ချရပါမည်။ သို့သော် စိတ်အေးအေးထားဖြေဆိုဖို့ လိုအပ်ပါသည်။ စိတ်မငြိမ်ပါက အမှားမှားအယွင်းယွင်း ဖြစ်တတ်ပါသည်။ ရေဖြေစာမေးပွဲဖြစ်သဖြင့် စာလုံးပေါင်းကို သေချာဂရုစိုက်သင့်ပါသည်။ MAJA စာမေးပွဲကို MAJA Center တည်ရှိရာ ပုလဲကွန်ဒိုတွင် သွားရောက်ဖြေဆိုရပါသည်။ Center မှ အကြောင်းကြားသော နေ့ရက်၊ အချိန်တို့ကို သေချာမှတ်သားထားပြီး စာမေးပွဲမတိုင်မီ အနည်းဆုံး (၁၅)မိနစ်ခန့် ကြိုတင်ရောက်နေသင့်ပါသည်။
***၂၀၁၅ ခုနှစ် April-May တွင် ဖြေဆိုခွင့်လျှောက်လွှာများ တင်ကာ ဖြေဆိုနိုင်ပါသည်။ MAJA Scholarship လျှောက်ထားလိုသူများသည်
(၁) Application Form ( MAJA ရုံးခန်းတွင် လာရောက်ထုတ်ယူရန် )
(၂) ပညာအရည်အချင်း အထောက်အထားနှင့် တကွ အမှတ်စာရင်း
(၃) ဓါတ်ပုံ(၂)ပုံ ( 3cm x 4cm )
(၄)ဆက်သွယ်ရန်လိပ်စာနှင့် တယ်လီဖုန်းအပြည့်အစုံ
***လျှောက်လွှာတင်ရမည့်နေရာ
MAJA Office, Pearl Condo, Room 707, Building C, Kabaraye Pagoda Road, Bahan Township, Yangon, Myanmar. Phone 09-8612151; 09-8613848
Email: majacentre.ygn@gmail.com

Friday, March 20, 2015
How to get a research topic - by Nay Aung
မြန်မာပြည်မှ ကျောင်းသားအများစုထံမှ ဘာသုတေသနကို လုပ်ရမှန်းမသိဘူးဟု
မကြာခဏကြားရလေ့ရှိပါတယ်။ အလွယ်ဆုံးနည်းလမ်းကို ပြောပြပါရစေ။ ပထမဆုံး မိမိစိတ်ဝင်စားသည့်
ဘာသာရပ်ကို ရွေးလိုက်ပါ။ အဲ့ဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ articles တွေ
ဖတ်ကြည့်ပါ။ ဖတ်တဲ့အခါ သိပ်စိတ်မ၀င်စားတဲ့ အကြောင်းအရာတွေကို ဆက်ဖတ်ကြမယ်
မထင်ပါဘူး။ စိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကို သိလိုစိတ်နဲ့
အသေးစိတ်ဖတ်ကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီအခါမှာ
မိမိစိတ်ဝင်စားတဲ့အကြောင်းအရာနဲ့ ပတ်သက်တာလေးတွေကို
များများဖတ်မိကြပါလိမ့်မယ်။ ဥပမာ - မြန်မာပြည်မှာ
implant treatment တွေ တော်တော်များများလုပ်လာကြတယ်။
သွားဆရာဝန်အများစုကလည်း လုပ်ဖို့ ကြိုးစားနေကြတယ်။ အဲ့ဒီတော့ implant နဲ့
ပတ်သက်တဲ့ peri-implantitis diseases တွေကို ဘယ်လို treatment ပေးမလဲ။
အခုလောလောဆယ် ဘယ်လို treatment တွေရှိလဲ။ အဲ့ဒါနဲ့ ပတ်သက်ပီး လုပ်ထားတဲ့
သုတေသနတွေ ဘာတွေရှိလဲ။ ဘယ်အပိုင်းကို ဆက်ပီး သုတေသနလုပ်ဖို့ သင့်သလဲ။
မိမိအနေနဲ့ ဘယ်အပိုင်းကို သုတေသနလုပ်ဖို့ စိတ်ဝင်စားသလဲ။ peri-implantitis
ကို ကုသဖို့အဖို့ လောလောဆယ်သုံးနေတဲ့ treatment modalities တွေကို
နှိုင်းယှဉ်သုတေသနလုပ်တာမျိုး။ e.g. Treatment modalities for peri-implant
mucositis and peri-implantitis.
***မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ articles တွေကို
များများဖတ်ခြင်းအားဖြင့် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး
ဘာသုတေသနတွေလုပ်ထားလဲ၊ လောလောဆယ် ဘာကို အဓိကထားပြီး သုတေသနလုပ်နေကြသလဲ၊
ဘယ်အကြောင်းအရာက ဆက်ပီးလေ့လာဖို့ လိုနေသေးလဲ စတာတွေကို သိလာမှာဖြစ်ပါတယ်။
စာမဖတ်ဘဲနဲ့တော့ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။
အောက်မှာ dental implants နဲ့ ပတ်သက်တဲ့ သုတေသနအကြောင်းအရာလေးတွေကို နမူနာဖေါ်ပြလိုက်ပါတယ်။
Implantology Research
- - - - - - - - - - - - - - - - - -
*** materials and designs
e.g. Implant surface characteristics and their effect on osseointegration.
e.g. Reliability and failure modes of two Y-TZP abutment designs.
*** placement techniques
e.g. Immediate Loaded Implants in Split-Crest Procedure.
e.g. Osteotome Sinus Floor Elevation without Grafting: A 10-Year Prospective Study.
*** types of restoration
e.g. Immediate loading of implants in the aesthetic zone: comparison between two placement timings.
*** evaluation methods for a long term success
e.g. Long-term implant success at the Academy for Oral Implantology: 8-year follow-up and risk factor analysis.
***Implant related procedures
e.g. Peri-Implant Bone Regeneration Using rhPDGF-BB, BMSCs, and β-TCP in a Canine Model.
***Peri-implantitis treatment modalities
e.g. The utilization of a diode laser in the surgical treatment of peri-implantitis. A randomized clinical trial.
***Some medical conditions and implant success
e.g. A clinical prospective study on alveolar bone augmentation and dental implant success in patients with type 2 diabetes.
***The latest advances in laboratory studies and clinical research
- the latest research in implant surface textures and contact cell guidance
- development of new implant designs and thread geometry
- implant surgical techniques and loading protocols
- standardized and advanced clinical implant procedures
- cutting-edge technology associated with implant dentistry

Saturday, February 21, 2015
မြန်မာပြည်တွင် M.D.Sc တက်ရန် လိုအပ်သည့် အဆင့်များ
သွားဘက်ဆိုင်ရာဆေးပညာဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ရေးလုပ်ငန်းအစီအစဉ်
---------------------------------------------------------------------------------------
- လျှောက်လွှာခေါ်ယူမည့်ရက် - ၇.၅.၂၀၁၅ (ကြာသပတေး)
- လျှောက်လွှာပိတ်မည့်ရက် - ၁၂.၈.၂၀၁၅ (ဗုဒဟူး)
-----------------------------------
၁။ လျှောက်ထားသူသည် ၀င်ခွင့် ရေးဖြေစာမေးပွဲကို ဖြေဆိုရမည်။ ဘွဲ့လွန်သင်တန်း အားလုံးအတွက် အသက်ကန့်သတ်ချက် မရှိပါ။
*မှတ်ချက်။ ။ အသက်ကန့်သတ်ချက်မရှိဆိုသည့်အချက်က ကောင်းပါသည်။ ၀င်ခွင့်ရေးဖြေစာမေးပွဲအကြောင်း မေးခွန်းပုံစံ၊ အမှတ်ပေးစည်းမျဉ်း စသဖြင့် အသေးစိတ်ထုတ်ပြန်ပေးနိုင်ပါက ပိုကောင်းပါမည်။ အမှတ်ပေးစည်းမျဉ်း၊ မေးခွန်းပုံစံအကြောင်းတို့ကို သိသူနှင့်မသိသူများ အခွင့်အရေးကွာခြားခြင်းမရှိစေရန် လိုအပ်ပါသည်။
-----------------------------------
၂။ သွားဘက်ဆိုင်ရာဆေးပညာဒီပလိုမာ (Dip.D.Sc GP) အတွက် သွားဘက်ဆိုင်ရာဆေးပညာ B.D.S. ဘွဲ့ရရှိပြီး (၂)နှစ်ပြည့်သူများ လျှောက်ထားနိုင်သည်။
*မှတ်ချက်။ ။ (၁)နှစ်သို့ လျှော့ချသင့်ပါသည်။ (၁) နှစ်သို့ လျှော့ချခြင်းဖြင့် M.Sc ကို ဆက်လက်တက်လိုသူများအတွက် ပိုမိုအဆင်ပြေစေပါမည်။
B.D.S(၆ နှစ်) - (၂)နှစ်နား - Dip.D.Sc GP(၁ နှစ်) - (၁)နှစ်နား - M.D.Sc (- နှစ်) - - - ဆိုပါက ပထမနှစ်မှ နောက်ဆုံး MSc တက်ခွင့်ရရန် အချိန် (၁၀) နှစ်ကြာမည်ဖြစ်သဖြင့် ၀န်ထမ်းမဟုတ်သူဆရာဝန်များအတွက် အဆင်ပြေမည် မထင်ပါ။ အရည်အချင်းမှာ အဓိကဖြစ်ပြီး အချိန်စောင့်ဆိုင်းစေခြင်းက လိုအပ်မှ ဖြစ်သင့်ပါသည်။
------------------------------------
၃။ သွားဘက်ဆိုင်ရာဆေးပညာမဟာသိပံ MDSc (အထူးပြုဘာသာရပ်များအတွက်) ၀န်ထမ်းဆရာဝန်များဖြစ်လျှင် ၀န်ထမ်းလုပ်သက် (၁)နှစ် ရှိရမည်။ ၀န်ထမ်းမဟုတ်သူ Dip.D.Sc အောင်မြင်ပြီး (၁)နှစ်ကြာသူများလည်း လျှောက်ထားနိုင်သည်။
*မှတ်ချက်။ ။ -
------------------------------------
၎။ အင်္ဂလိပ်စာအနေဖြင့် သွားဘက်ဆိုင်ရာဆေးပညာမဟာသိပံဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများအတွက် IELTS Total 6.5 ရရှိကြောင်း အထောက်အထား တင်ပြနိုင်ရမည်။
*မှတ်ချက်။ ။ MDSc အတွက် 6.0 နှင့် ပါရဂူသင်တန်းအတွက် 6.5 ဆိုပါက သင့်လျော်ပါသည်။ သင်တန်းများတွင် lecture များကို အင်္ဂလိပ်လိုပဲ သင်မည်ဆိုပါက 6.5 က သင့်တော်ပါသည်။
-------------------------------------
၅။ ရေးဖြေ စာမေးပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြေဆိုရမည်။ နှုတ်ဖြေ ဖြေဆိုခွင့် ရရှိသူစာရင်းကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်ပြန်ပြီး လူတွေ့/နှုတ်ဖြေကို စစ်ဆေးသွားမည်။
*မှတ်ချက်။ ။ -
--------------------------------------
၆။ သင်တန်းမျာသို့ တက်ရောက်ခွင့် ရရှိသူစာရင်းကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကုန်တွင် ထုတ်ပြန်ကြေငြာပြီး သင်တန်းအားလုံးကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင်ဖွင့်လှစ်သွားမည်။
*မှတ်ချက်။ ။သင်တန်းများဖွင့်လှစ်သလို သုတေသနလုပ်ရန် လိုအပ်သော စက်ပစ္စည်းကိရိယာများကို နိုင်ငံတော်အစိုးရထံမှ ထိုက်သင့်သလောက် လက်ခံရရှိနိုင်ရန် အထူးကြိုးစားတောင်းဆိုသင့်ပါသည်။
--------------------------------------
၇။ ပုဂ္ဂလိက ကဏ္ဌမှ သွားဘက်ဆိုင်ရာဆေးပညာမဟာသိပံအထူးပြုဘာသာရပ်များ တက်ရောက်လိုပါက လျှောက်ထားသူသည် မိမိတက်ရောက်လိုသည့် ဘာသာရပ်တွင် အနည်းဆုံး Grade 4 (၆၅ မှတ်) ရရှိရမည်။
*မှတ်ချက်။ ။ Final year exam တွင် Grade 4 ရရှိရမည်လား။ Dip.D.Sc exam တွင် Grade 4 ရရှိရမည်လား။ နှစ်ခုစလုံးတွင် Grade 4 ရရှိရမည်လား။ တဖက်တွင်လည်း Entrance exam ရှိသေးသည်ကို သတိပြုသင့်ပါသည်။ အတတ်နိုင်ဆုံး တက်ရောက်လိုသည့်သူများ အဆင်ပြေစေရန် ဦးတည်ဆောင်ရွက်သင့်ပါသည်။ နောက်ဆုံး ဘွဲ့ပေးရမည့်အချိန်တွင် ကျေနပ်လောက်သော အဆင့်မရရှိပါက အအောင်မပေးဘဲ ထားနိုင်သည့် အခွင့်အာဏာကို ပါမောက္ခ၊ဌာနမှူး(ပညာရေးဘုတ်အဖွဲ့)ထံတွင် ရှိနေသဖြင့် ကြိုးစားလိုသူများကို အခွင့်အရေးပေးသင့်ပါသည်။
---------------------------------------
သင်တန်းကြေးများ - အထူးပြောရန် မရှိသေး။

Thursday, February 12, 2015
Myanmar Dental website links
Library for Myanmar Dentists - https://www.facebook.com/groups/myanmar.periodontology/
UDMM Online Library - https://www.facebook.com/groups/udmm.online.library/
University of Dental Medicine Mandalay Facebook Group - https://www.facebook.com/groups/denalmedicinemdy/
မြန်မာစာအုပ် စုစည်းမှု - https://www.facebook.com/groups/depayin.library/
အင်္ဂလိပ်စာအုပ် စုစည်းမှု - https://www.facebook.com/groups/drnayaunglibrary/
Myanmar Society of Endodontists - https://www.facebook.com/groups/804105182943073/
Myanmar Orthodontic Society - https://www.facebook.com/groups/578320272296213/
Myanmar Society of Implant Dentistry - https://www.facebook.com/groups/mm.society.of.implant.dentistry/
Myanmar Association of Oral and Maxillo-facial surgeons - https://www.facebook.com/groups/662448603874562/
Myanmar Society for Oral Medicine - https://www.facebook.com/groups/341543532695203/
Myanmar Association of Public Health Dentistry - https://www.facebook.com/groups/1508859959366516/
Myanmar Society of Prosthodontics - https://www.facebook.com/groups/623373371108129/
Myanmar Society of Paediatric Dentistry - https://www.facebook.com/groups/334424173402981/
Myanmar Dental Download - http://www.myanmardentaldownload.blogspot.jp/
Myanmar Dental Association Official Webpage - http://www.mda-myanmar.org/
Myanmar Dental Council - https://www.facebook.com/myanmar.dentalcouncil
University of Dental Medicine Yangon - http://www.udmyangon-edu.com/
MDA Yangon Region - http://mdayangon.org/
Myanmar Dental Journal - http://www.mda-myanmar.org/…/ojs…/index.php/mdajournal/index
Khin Soe Oral Pathology Blog - http://khinsoepathology.blogspot.jp/
Myanmar Dental News and Update - https://www.facebook.com/groups/myanmardentalnews/
Dental Info and Updated News - https://www.facebook.com/groups/myanmar.dental.news.update/
Myanmar Dental Field - https://www.facebook.com/groups/mmdental/
Dental Donation Group - https://www.facebook.com/groups/427675107283350/
Myanmar Dentists from Abroad - https://www.facebook.com/groups/1374407642827981/
မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း(ဗဟို) - https://www.facebook.com/groups/136471943171838/
မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်းအသင်း(မန္တလေးတိုင်းဒေသကြီး) - https://www.facebook.com/groups/297969383656447/
မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း - ပခုက္ကူအသင်းခွဲ -
MDA Magway - https://www.facebook.com/MagwayMDA
MDA (Yangon) - https://www.facebook.com/groups/462076643831111/
MDA Academic Committee - https://www.facebook.com/pages/MDA-Academic-Committee/177127232332940
MDA (Mdy) - https://www.facebook.com/groups/235120326690042/
MDA EC Forum - https://www.facebook.com/groups/614951445220174/
Myanmar Dental Update - https://www.facebook.com/pages/Myanmar-Dental-Update/675852399188880
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး အာစရိယပူဇော်ပွဲမှတ်တမ်း - https://www.facebook.com/events.in.myanmar.dentistry
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး ဆရာကန်တော့ပွဲဖြစ်မြောက်ရေး - https://www.facebook.com/groups/128996983968921/
သွားဘက်ဆိုင်ရာ ဖတ်စာအုပ်များ - https://www.facebook.com/twarbadsaingyar
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် - မန္တလေး ကျောင်းသားများသမဂ္ဂ
သွားနှင့်ခံတွင်းဆရာဝန်အသင်း - မြင်းခြံ - https://www.facebook.com/mdamyingyan
ရွှေတောင်ဦး အာယုဒါန သွားဆေးခန်း - https://www.facebook.com/groups/1498281470433836/
သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း၊ ပရဟိတအဖွဲ့(မန္တလေး)
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ရန်ကုန် စာပေနှင့် အနုပညာအသင်း - https://www.facebook.com/groups/artandliteraturegroupUDMYGN/
သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း၊“အနန္တရ” ပရဟိတအဖွဲ့(မန္တလေး) - https://www.facebook.com/groups/184069484999619/
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာအသင်း-သဘင်

Subscribe to:
Posts (Atom)